ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) သည် လမျက်နှာပေါ်မှ စုဆောင်းထားသော နမူနာပစ္စည်းများနှင့်အတူ အိမ်အပြန်ခရီးကိုနှင်ခဲ့ရာတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း၌ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ ယင်းမှာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19ရောဂါအတည်ပြု လူနာ စတင်တွေ့ရှိချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၁၁,၉၀၀ဦး အနက်လူနာ၂,၃၄၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရသိရသည်။
ဘန်ဒါဆရီဘဂါဝမ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရူနိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ၁၅၂ ဦးရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ရောဂါဖြစ်ပွားသူအသစ်မရှိကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အစိုးရဝန်ကြီးဌာနများမှ ဝန်ထမ်းများ ကားပါမစ် လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက်ထားသူများ၏ အချက်လက်ပြည့်စုံပါက ပါမစ်ထုတ်ပေးရန် စစ်ဆေးမှု ၂ရက်ခန့်သာကြာမြင့်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် က ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်သွားရန်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။