အေသင် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ၁၉၈၅ ခုနှစ်တွင်ဖြစ်ပွားခဲ့သော TWA လေယာဉ်အား လေယာဉ်ပြန်ပေးမှု၌ ပါဝင်ခဲ့သည်ဟုဆိုကာ လက်ဘနွန်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုသာဖြစ်ကြောင်း ဂရိနိုင်ငံရဲတပ်ဖွဲ ့က စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့၌ ကျောက်စိမ်းအတွဲ (၉၇၅) တွဲကို ယူရိုငွေ ၆၀ ဒသမ ၉၆၈ သန်းဖြင့်ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုကျို၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် Tapahတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီး ဌာနက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ မီယာဇာကီ(Miyazaki)နှင့် အိုကီနာဝါ(Okinawa) စီရင်စုတွင်...
ပြင်ဦးလွင် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ပညာရှင်များ က မြန်မာ နိုင်ငံ ဗဟိုဝန်ထမ်း တက္ကသိုလ် မှ လေ့ကျင့်ရေးမှူး များ အား သင်တန်း လာရောက် ပို့ချမှု ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၂၃၇.၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။