ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၂.၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကပ်ရောဂါဘေးကြောင့် ပြတိုက်များကို ယာယီပိတ်ထားသော်လည်း ပြတိုက်များပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် သတ်မှတ်ခွင့်ပြု လူဦးရေဖြင့်ဝင်ရောက်ကြည့်ရှုခွင့်ပြု သွား နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ထံမှ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး Chang’e-5 စူးစမ်းလေ့လာရေးယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ၂၀ နာရီ ၂၃ မိနစ်က လကမ္ဘာအနီးတွင် နောက်ထပ် တစ်ကြိမ် (အရှိန်ထိန်း)ဘရိတ်အုပ်ထိန်းချုပ်၍ ဘဲဥပုံသဏ္ဍာန် လကမ္ဘာ ဂြိုဟ်ပတ်လမ်းကြောင်းမှ စက်ဝိုင်းပုံသဏ္ဍာန်လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအနီးသို့ ပျံသန်းမောင်းနှင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု...
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား Live လွှင့်၍ မီးရှို့ပြသူ နှစ်ဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။