တိုကျို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သြဂုတ်လ ၃၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
လန်ဒန်၊ သြဂုတ်လ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ၊အင်္ဂလန်၊ ပီတာဘိုးရပ်မြို့တွင် စက်ရုံတစ်ခု၌ သြဂုတ်လ ၂၉ ရက်ည ၇ နာရီကမီးအကြီး အကျယ်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ ပီတာဘိုးရပ်မြို့ရှိ ရှရူးစ်ဗျူရီ ရိပ်သာတွင် ဂိုထောင်တစ်ခု မှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံများကိုလည်း မီးလောင်မှုအတွင်းကြားရကြောင်းသိ ရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထူးချွန်သူများအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ဆုများ၊ ချစ်ကြည်ရေးဆုများနှင့် အမျိုးသားရေးဂုဏ်ပြုဆုများအား တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ဘိုဂိုတာ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၏ ယခင်လက်နက်ကိုင်သူပုန်အဖွဲ့ဟောင်းဖြစ်သောကိုလံဘီယာတော်လှန်ရေးလက် နက်ကိုင်တပ်ဖွဲ့ (FARC) ၏ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင်ဟောင်း အီဗန်မာကွက်ဇ် (Ivan Marquez) က၎င်းအနေဖြင့် အခြားသော FARC သူပုန်အဖွဲ့၏ ခေါင်းဆောင်ဟောင်းများနှင့်အတူ ပြန် လည်၍ လက်နက်ကိုင်တိုက်ခိုက်မှု ပြုလုပ်ရလိမ့်မည်ဟု သြဂုတ် ၂၉ ရက်က ကြေညာလိုက်ကြောင်း...