ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ဘောလုံးအသင်း တို့သည် နိုဝင်ဘာလ (၁၄) ရက် ဒေသစံတော်ချိန် ည (၈)နာရီ အချိန်၊ မြန်မာစံတော်ချိန် ည(၉) နာရီအချိန်တွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့ ရှိအားကစားကွင်း တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း...
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် ပတ်သက်၍ ၎င်း၏ ခိုင်မာသောလိုက်နာမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁၃ရက်တွင် တရုတ် နှင့် ဗီယက်နမ် ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်အရသိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နှင့် ဗီယက်နမ်တို့သည် ပင်လယ်ရေကြောင်းသွားလာမှုကိစ္စရပ်များနှင့် ပတ်သက်၍ မတူကွဲပြားမှုများကို သင့်လျော်စွာ စီမံခန့်ခွဲပြီး ထိန်းချုပ်လုပ်ဆောင်သွားသင့်ကြောင်း နှင့် ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားသင့်ကြောင်း နိုဝင်ဘာ ၁၃ ရက်ကပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အောင်လံမြို့နယ်၌ ရထားနှင့်ကားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့ တွင် နိုဝင်ဘာလ ၏ ပျမ်းမျှ ညအပူချိန်အောက် လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။