လူဆာကာ ၊ မတ် ၉ ရက်(ဆင်ဟွာ) ဇမ်ဘီယာ နိုင်ငံ၌ ၂၀၁၈ ခုနှစ် အတွင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ(SMEs)က အလုပ်အကိုင် ပေါင်း ၂၇,၀၀၀ အား ဖန်တီး ပေးနိုင်ခဲ့ကြောင်း နိုင်ငံအစိုးရထံမှ မတ်လ ၈ ရက်က သိရသည်။
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ပူပြင်း ခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မိမိကြောင့် အခြားပြည်သူလူထု၏အသက် အိုးအိမ် စည်းစိမ် ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် စက်သုံးဆီလုပ်ငန်းဆောင်ရွက်ကြသူတိုင်း မီးဘေး အန္တရာယ် ကင်းရှင်းရေး နှင့် မတော်တဆမှုများမဖြစ်ပေါ်စေရေး သတ်မှတ်စည်းကမ်းများအတိုင်း အထူးဂရုပြု လိုက်နာ ဆောင်ရွက် ကြရန်...
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ် မျက်နှာစုံညီ နှစ်ပတ်လည်အစည်းအဝေးအား မတ်လ ၈ ရက်နေ့လယ်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုသည် ကြွေးမြီထောင်ချောက်တစ်ခုဆိုသည်မှာ မှားယွင်းပါကြောင်း၊ ပိုးလမ်းမကြီးလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူပြည်သားများအားလုံးအကျိုးစီးပွားဖြစ်ထွန်းစေမည့် စီးပွားရေးအမြတ်အစွန်း သာဖြစ်ကြောင်း ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ) ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံပိုင် huawei ကုမ္ပဏီ အရေးနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများကမေးမြန်းရာ တရုတ်နိုင်ငံအနေဖြင့် ကုမ္ပဏီ များအပေါ် လက်လွတ်စပယ်သဘောမထားဘဲအရေးကြုံလာပါက မားမားမတ်မတ်ရပ်တည်ပေးသွားမည်သာဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ပြောကြားခဲ့သည်။(Xinhua)