မော်စကို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ၌ လွန်ခဲ့သော ၂၄နာရီအတွင်း ပြုလုပ်ခဲ့သည့် ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် IS စစ်သွေးကြွ ၁၂၀ခန့် နှင့် နိုင်ငံခြားသား ကြေးစားစစ်သား ၆၀ဦးကျော် သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
မနီလာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်ကြမည့် အာဆီယံထိပ်သီးအစည်းအဝေးအား လုံခြုံဘေးကင်းစွာကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ ၁၅ ရက်အထိ လက်နက်ယူဆောင်ခွင့် ပိတ်ပင်တားမြစ်ကြောင်းကို ဖိလစ်ပိုင် စစ်တပ်က အမိန့်ထုတ်ပြန်ခဲ့သည်ဟု အောက်တိုဘာလ ၇ ရက်ထုတ် ဒေသတွင်း သတင်းတစ်ပုဒ်တွင်...
ဂါဇာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တပ်ဖွဲ့က ဒေသတောင်ပိုင်းတွင် IS ထိပ်တန်းခေါင်းဆောင်တစ်ဦး နှင့် အခြားစစ်သွေးကြွသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဟားမတ်တပ်ဖွဲ့၏ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး က အောက်တိုဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အောက်တိုဘာလ၊ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်တွင် ဘင်္ဂလား ပင်လယ် အော်၌ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။