ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ဟိုက်ဒြိုကလိုရစ်အက်စစ် ၁၆,၂၀၀ လီတာ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ စိတ်ကြွဆေးပြား ၄၇၅,၀၀၀ ပြား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ICE ၆၆၆ ကီလို ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြိုအဖြစ် ရုပ်ရှင် နှစ် ၁၀၀ ပြက္ခဒိန်ကို ရုပ်ရှင် ချစ်ပရိသတ်များအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ စီစဉ်ထုတ်ဝေ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ကျန်းကျိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်-တိဘက် အဝေးပြေးလမ်းမကြီးမှာ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများရှိ တောတောင်ရေမြေများကို ချိတ်ဆက်သွယ်တန်းဖောက်လုပ်ထားသော အဝေးပြေးလမ်းမကြီးဖြစ်ပြီး ရင်သပ်ရှုမောဖွယ်အလှအပများဖြင့် ရှုချင်စဖွယ်တင့်တယ်လှပ လျှက်ရှိသည်။(Xinhua)