ပေကျင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသော တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုရေးရာ စာအုပ်သည် ပြည်တွင်း ပြည်ပ၌ လူအများ၏ စိတ်စွမ်းအား မြှင့်တင်ပေးနိုင်ခဲ့ပြီး ဘာသာစကားပေါင်း ၂၁ ခုဖြင့် ထုတ်ဝေခဲ့ပြီး ရောင်းအား ၆.၄၂ သန်း အုပ်ရှိပြီ ဖြစ်ကြောင်း...
ဘရာဆီးလီးယား၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်း အမေဇုန်ဒေသအတွင်းရှိ ပါရာပြည်နယ် တွင် လူဦးရေ ၇၀ခန့် လိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ ၁၉ဦး သေဆုံးပြီး အခြားလူများစွာ ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ ၃၀၀၀ကျော် ရေဘေးသင့်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉)ကျောင်းခန့် ယာယီပိ.တ်ထားနေ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လန်ဒန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မန်ချက်စတာ လေဆိပ် တွင် လက်ဆွဲအိတ်ဖြင့် ပိုက်ဗုံးတစ်လုံးအား သယ်ဆောင်လာသူ အမျိုးသား ကို သြဂုတ် ၂၃ ရက်တွင် ထောင်ဒဏ် ၁၈နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။