လျောင်နင် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ချစ်စဖွယ် ပင်လယ်ဖျံ ၇ ကောင်ကို တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် လျောင်တုန်းပင်လယ်အော်ရှိ ၎င်းတို့ ကျက်စား နေထိုင်ရာသို့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါချစ်စရာကောင်းသည့် သတ္တဝါများ သဘာဝပတ်ဝန်းကျင်ထဲ ပြန်ရောက်သွားသည်ကို တွေ့ရသည်မှာ အမှန်တကယ်ကို ကြည်နူးစရာပင် ဖြစ်သည်။ (Xinhua)...
ကိုပင်ဟေဂင် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ ဘုရင်မ Margrethe II ၏ ၈၃ နှစ်မြောက် မွေးနေ့အား ကိုပင်ဟေဂင်မြို့ရှိ ဘုရင်မ၏ ပင်မနန်းတော် Amalienborg တော်ဝင်ရဲတိုက်၌ ဧပြီ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဘုရင်မကြီးသည် မကြာသေးမီက...
ပတ်ရှ်ဝါ၊ ပါကစ္စတန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၊ ပတ်ရှ်ဝါမြို့ရှိ ဗလီတစ်ခု၌ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်သည့် ရမ်ဇာန်လမြတ်အတွင်း Laylat al-Qadr ညဝတ်ပြုဆုတောင်းပွဲများကို အစ္စလာမ်ဘာသာဝင်များက ပါဝင်တက်ရောက်ခဲ့ကြသည်။ Laylat al-Qadr မှာ အစ္စလာမ်ဘာသာဝင်များ၏ အဓိကျမ်းစာဖြစ်သော ကိုရမ်ကျမ်းကို ဘုရားသခင်က ပထမဆုံးထုတ်ဖော်ပြသခဲ့သည့် ညကို...
ခါတွမ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) လူသားချင်း စာနာထောက်ထားမှုကြောင့် နိုင်ငံတကာ၏အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ဖြစ်သည့် ဆူဒန်စစ်တပ်နှင့် ၂၄ နာရီ ယာယီအပစ်အခတ်ရပ်စဲရေးကို လက်ခံလိုက်ကြောင်း ဆူဒန် Rapid Support Forces (RSF)က ဧပြီ ၁၈ ရက်၌ ကြေညာခဲ့သော်လည်း ဆူဒန်စစ်တပ်ကမူ ယာယီအပစ်အခတ်ရပ်စဲရေးကိစ္စကို မသိရှိဟု ဆိုသည်။...
ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံကြား ကုန်သွယ်ရေးသည် ခိုင်မာသော တိုးတက်မှုအရှိန်ကို ထိန်းထားလျက်ရှိကြောင်း တရုတ် စီးပွားရေးဝန်ကြီး ဝမ်ဝန်ထောင်းက ဧပြီ ၁၈ ရက်က ပြောကြားခဲ့သည်။...