ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် COVID-19 တတိယ လှိုင်း ရိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် စနေနေ့မှစကာ တစ်နိုင်ငံလုံး lockdown အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။ပြင်သစ်နိုင်ငံအတွင်း ဆေးရုံတက်ကုသမှုခံယူနေရသည့် COVID-19 ရောဂါ ပြင်းထန်လူနာပေါင်း ၅,၁၀၀ ကျော်ရှိလာပြီး သေဆုံးသူ အရေအတွက်မှာလည်း ၁သိန်းခန့်အထိ ရောက်ရှိခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုအားထိန်းချုပ်ရန်...
ယူနန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းအား မကြာသေးမီက ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့် ကြာသပတေးနေ့မှ စတင်ခဲ့သည့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် တက်ဟုန်းတိုင် နှင့် ကျင်းပေါင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများလက်အောက်ရှိ နယ်စပ်ခရိုင် ၄ခု နှင့်မြို့များပါဝင်ခဲ့ကြောင်း ဒေသဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ က အတည်ပြုပြောကြားခဲ့သည်။...
ဝါရှင်တန်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်တန်မြို့တွင် ဧပြီ ၃ ရက်နံနက်အစောပိုင်း အိမ်တွင်းပါတီပွဲတစ်ခု ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝယ်လ်မင်တန်ရဲဌာန တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဒါကာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း COVID-19 လှိုင်းအသစ်အား ထိန်းချုပ်ရန် ဧပြီ ၅ ရက်မှစတင်၍ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည့် Lockdown ချမှတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။