အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၇ ရက်က အစ္စလာမ်မာဘတ်တွင် တတိယအကြိမ်မြောက် တရုတ်-အာဖဂန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်စဉ် အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbaniနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရီယာ့ဒ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇဇ်အယ်ဆော့( Salman bin Abdulaziz Al Saud) သည် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးအား ရာထူးမှ ထုတ်ပယ်သည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ယနေ့(စက်တင်ဘာ ၈ ရက်) တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ စက်တင်ဘာ ၆ ရက်တွင် သတင်းအရ ပူးပေါင်း အဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့ရာ ဒေသကာလပေါက်ဈေး ငွေကျပ် ၉,ဝ၉၃.၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး...
ဝါရှင်တန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) စက်တင်ဘာ ၅ရက်တွင် ကဘူးလ်မြို့၌ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပြီးနောက် တာလီဘန်ခေါင်းဆောင်များအပါအဝင် အာဖဂန်သမ္မတတို့နှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာ ၇ ရက်တွင်...
ချီကာဂို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် စက်တင်ဘာ ၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။