ခတ္တမန္ဒူ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၃,၄၃၉ ဦး ထပ်တိုးရာ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း လူနာသစ်အရေအတွက် အများဆုံးစံချိန်တင် ဖြစ်ခဲ့ကြောင်း နီပေါနိုင်ငံ ကျန်းမာရေးနှင့်ပြည်သူ့အင်အား ဝန်ကြီဌာန၏ အောက်တိုဘာ ၇ ရက်ထုတ်ပြန်ချက်များအရ သိရသည်။
ပဲရစ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၇ ရက် တစ်ရက်တည်းတွင် COVID-19 အတည်ပြုလူနာအရေအတွက်၁၈,၇၄၆ ဦးရှိခဲ့ပြီး တစ်ရက်တည်းတွင် ရောဂါဖြစ်ပွားမှု အများဆုံးစံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးအေဂျင်စီက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ ယခင်က တစ်ရက်တည်းတွင် ကူးစက်မှုအများဆုံးအရေအတွက်သည် အောက်တိုဘာ ၃ ရက်က...
ဝါရှင်တန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ရီဘတ်ပလီကန် ဒုတိယသမ္မတလောင်း (လက်ရှိဒုသမ္မတ) မိုက်ပန့် (Mike Pence) နှင့် ဒီမိုကရက်တစ်ပါတီ ဒုတိယသမ္မတလောင်း ကမ်မလာဟာရစ်(Kamala Harris) တို့ သည် Salt Lake မြို့ Utah တွင် မကြာမီပြုလုပ်မည့် ၂၀၂၀...
အက်ဒစ်အက်ဘာဘာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အာဖရိကန်တိုက်တွင် အောက်တိုဘာ ၇ ရက်အထိ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၅၂၆,၀၀၀ ဦးထိရောက်ရှိလာကြောင်း အာဖရိကတိုက် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး(Africa CDC) ၏ ထုတ်ပြန်ချက်အရသိရသည်။
ကွာလာလမ်ပူ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၆၉၁ ဦးရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာအများဆုံးဖြစ်ခဲ့ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။