ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သော ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင်း တရားမဝင် သစ် တန်၂၀ကျော် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ အများပြည်သူဆိုင်ရာ ကမ်းခြေများအားလုံးတွင် အမှိုက်စွန့်ပစ်မှု လျှော့ချသည်သာမက ခရီးသွားဧည့်သည်များ၏ ကျန်းမာရေးကို ကာကွယ်သည့်အနေဖြင့် ဆေးလိပ်သောက်ခြင်းကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဗယ်လက်တာ ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) ချက်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအား တာဝန်ခွဲယူရမည် ဟူသော ဆောင်ရွက်ချက်ကို လက်ခံမည်မဟုတ်ဟု မော်လ်တာသမ္မတနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေသည့် ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babiš က သြဂုတ် ၂၈ ရက်တွင် ပြောကြား ခဲ့သည်။