ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အိမ်ခြံမြေ အခွန်ဥပဒေအား ချင့်ချိန်ကာ တိုးမြှင့်မည် ဖြစ်ကြောင်း မတ်လ ၅ ရက်က နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏ လုပ်ငန်း အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) မှ ဦးဆောင်သော ပါတီစုံ ပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးမှု စနစ်သည် လူသားမျိုးနွယ်၏ နိုင်ငံရေးယဉ်ကျေးမှုအတွက် မဟာထောက်ပံ့ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း မတ် ၄ရက် တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲအား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ မတ် ၅ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် ၁၀၆၆သည် မတ်လ ၄ရက်နေ့ ၁၂နာရီ ၄၅မိနစ်ခန့်က ပြိုကျမှုဖြစ်ပွားကာ ၇၀ရာနူန်းခန့်ပျက်စီးခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တည်ဆောက်ရေးက ပွင့်လင်းသောစီးပွားရေးမူဝါဒ ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မိမိတို့ အမျိုးသားပြည်သူ့ကွန်ဂရက် အနေဖြင့် ကျင့်သုံးခဲ့ပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၃ ခု နှင့် ပေါင်းစပ်ဖြည့်ဆည်းသွားမှာဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကာကွယ်ရန်နှင့် ပိုမို ကောင်းမွန်တိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် Zhang...