ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အစိုးရ နှင့် မော်ရိုကို အစိုးရ တို့ အကြား သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းပေါင်း ၁၂၇ သင်းကို တရုတ်နိုင်ငံ Exim Bank ပံ့ပိုးချေး ငွေကျပ်သိန်းပေါင်း ၄၁,၈၆၅ သိန်းကျော် ထုတ်ချေး လျက်ရှိကြောင်း သိရသည်။
ဘာလင် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့သည် ဇူလိုင်လ ၅ ရက်တွင် နှစ်နိုင်ငံ လူငယ်လူရွယ်များအကြား ချစ်ကြည်ရင်းနှီးမှုကို တွန်းအားပေးမြှင့်တင်ရန် ရည်ရွယ်ပြုလုပ်သည့် တရုတ်လူငယ်အသင်း နှင့် ဂျာမနီလူငယ်အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲစဉ်သို့အတူတကွတက်ရောက် အားပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဆီးရီးယားနိုင်ငံ၌ လေယာဉ်မပျံသန်းရေးဇုန် တည်ထောင်နိုင်ရေး အပါအဝင် ဆီးရီးယားတည်ငြိမ်ရေးကိစ္စရပ်များကို ရုရှားနိုင်ငံနှင့်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က ဇူလိုင် ၅ ရက်တွင် ပြောကြားလိုက်သည်။
ယာအန်ဒီ ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဗဟို အာဖရိက သမ္မတ နိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ငံ အလယ်ပိုင်းတွင် ဆိုးရွားသည့် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၇၇ ဦးသေဆုံး စေခဲ့ကြောင်း ကို ဇူလိုင် ၅ ရက်နေ့က...