ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ပါကစ္စတန်နိုင်ငံသို့ မေ ၅ ရက်မှ ၆ အထိ သွားရောက်မည်ဖြစ်ကာ တရုတ်-အာဖဂနစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က မေ ၄ ရက်၌ ကြေညာခဲ့သည်။...
လော့အိန်ဂျလိစ်၊ မေ ၄ ရက် (ဆင်ဟွာ) နာဆာ၏ ဟက်ဘယ်အာကာသ မှန်ပြောင်း (Hubble Space Telescope ) မှ တစ်ဆင့် AM 1214-255 ဟုလူသိများသည့် အံ့ဩဖွယ်ရာတောက်ပနေသော ကြယ်အစုအဝေး ပေါက်ကွဲမှုကို ဓာတ်ပုံရိုက်ကူးမိခဲ့ကြောင်း ယင်းအေဂျင်စီက မေ ၃ ရက် တွင်ထုတ်ပြန်ခဲ့သည်။...
နယူးဒေလီ ၊ မေ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် မတ်လတွင် ၇.၈ ရာခိုင်နှုန်းရှိရာမှ ဧပြီလတွင် ၈.၁၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ လေးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးသုတေသနလုပ်ငန်း Center for Monitoring Indian Economy (CMIE)ထံမှ နောက်ဆုံးအချက်အလက်များအရ သိရသည်။...
ဗလာဒီဗော့စတော့ခ်၊ မေ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တောင်ပိုင်းရှိ ရေနံချက်စက်ရုံတစ်ခုအား အမည်မသိဒရုန်းတိုက်ခိုက်ခံရပြီးနောက် မီးလောင်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက မေ ၄ ရက်၌ သတင်းဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်သည် Krasnodar ဒေသ၊ Seversky ခရိုင်ရှိ Ilsky ရေနံချက်စက်ရုံတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း...
ဆာနာ ၊ မေ ၄ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Hans Grundberg က ယီမင်နိုင်ငံ၌ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် စစ်ပွဲ အဆုံးသတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များက ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြရန် တောင်းဆိုကာ ယီမင်နိုင်ငံ မြို့တော် ဆန်နား၌ ဟူသီအာဏာပိုင်များနှင့် အပြုသဘောဆောင်သည့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း...