ကီးယက် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ ပို့ဆောင်သော တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သည့် ပထမအသုတ် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၅ ရက်ညပိုင်းအချိန်တွင် ယူကရိန်းနိုင်ငံမြို့တော် ကီးယက်သို့ရောက်ရှိခဲ့ပြီး ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဖန်းရှင်းရွန်း ၊ ယူကရိန်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး...
စင်ကာပူ၊ မတ် ၂၅ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် ဒေသတွင်း ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ထပ်မံတိုးချဲ့လိုက်သဖြင့် COVID-19 ကာကွယ်ဆေး ဆောင်ရွက်ချက်များကို မတ် ၂၄ ရက်၌ ဖြေလျှော့ပေးလိုက်ကြောင်း ကြေညာခဲ့သည်။
နယူးယောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအရေအတွက်မှာ မတ် ၂၄ ရက်၌ သန်း ၃၀ ကျော်သွားပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) အရ သိရသည်။
ပိကျယ်၊ မတ် ၂၅ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်-ဟက် အဝေးပြေးလမ်းမကြီး၏ ပိကျယ်လမ်းပိုင်းတည်ဆောက်မှုများကို တည်ငြိမ်စွာ တိုးတက်အောင် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
ပေကျင်း၊ မတ် ၂၅ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ရှေ့ပိုင်းဒေသများတွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ရာ ဆစ်ဒနီမြို့တွင် ၂၃ ရက်က ရာသီဥတုပြန်လည်ကောင်းမွန်ခဲ့သည်။ ယင်းမြို့နေပြည်သူများကို ရေဘေးအပြီး သတိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ရာတွင် ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်ကူတစ်မျိုးဖြစ်သည့် Funnel-web Spiderများသည် နေအိမ်များထဲသို့ ဝင်လာနိုင်ကြောင်း ဆိုသည်။