ဝါရှင်တန်၊စက်တင်ဘာ ၁၄(ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် က အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်၏ သားဖြစ်သူ အယ်လကေးဒါးအဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်တင်ဦးဖြစ်သော ဟမ်ဇာ ဘင်လာဒင် ကို အမေရိကန်၏ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုတွင် အသေရမိခဲ့ကြောင်း စက်တင်ဘာလ ၁၄ ရက်နံနက်ကအတည်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်မှုကြောင့် ဆူမတြားကျွန်းနှင့် ကာလီမန်တန်ကျွန်းများတွင် လေဆိပ်များနှင့် စာသင်ကျောင်းများ ပိတ်ထားရသောကြောင့် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိသော ဆူမတြားကျွန်းသို့ တပ်ဖွဲ့ဝင်အင်အား ၁၀၀ တပ်ဖြန့်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) “Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ပြသ မည့် ဖွင့်ပွဲ အခမ်းအနား အား စက်တင်ဘာ ၁၄...
ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၅နာရီခွဲခန့်က ကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။