မင့်စ်ခ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko က အင်အားကြီး အနောက်နိုင်ငံများ၏ ခေါင်းဆောင်များအနေဖြင့် ဘီလာရုစ်ရှိ နိုင်ငံရေးအခြေအနေထက် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများ အပေါ်တွင် သာ အာရုံစိုက် အလေးထားသင့်ကြောင်း ဩဂုတ် ၁၉ ရက်က ပြောကြားလိုက်သည်ကို နိုင်ငံပိုင်သတင်းအေဂျင်စီ...
အန်ကာရာ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါ ကူးစက်မှုများ ဆက်လက် ပြန့်ပွားလျက်ရှိရာ အီဂျစ်နှင့်တူနီးရှား နိုင်ငံများက နိုင်ငံခြားပြည်ဝင်ခွင့်ကန့်သတ်မှုအချို့ ကို လုပ်ဆောင်ခဲ့သလို နိုင်ငံအမြောက်အမြားကလည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူအများအနေဖြင့် တင်းကျပ်စွာ လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ဝူဟန့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီလက်အောက်ရှိ ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံမှ သုတေသီများက ဖော်ထုတ်လိုက်သော ဦးနှောက်ရောင်ကာကွယ်ဆေးအသစ်နှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ ဆေးတစ်ကြိမ်ထိုးနှံရုံဖြင့် ခြင်ကြောင့်ဖြစ်ပွားသည့် အသက်သေဆုံးနိုင်စေသော ရောဂါနှစ်မျိုးကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရသည် တီဟီရန်အပေါ် ဖိအားပေးလုပ်ဆောင်မှုကို တိုးမြှင့်သည့်အနေဖြင့် အီရန် Mahan Air လေကြောင်းလိုင်းအား ထောက်ပံ့မှုပေးခဲ့သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဩဂုတ် ၁၉ ရက်က ပြောကြားခဲ့သည်။