တီဟီရန် ၊ မတ် ၇ ရက်(ဆင်ဟွာ) အမေရိကန်၏ပိတ်ဆို့မှုများက အီရန်စီးပွားရေးအတွက် ဖိအားဖြစ်နေသော်လည်း အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီ (Hassan Rouhani) က မတ်လ ၆ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့်ပြောကြားခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ မတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလအတွင်း ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တူရကီနိုင်ငံ တက်ရောက်ရန် စီစဉ်ထားကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၆ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ကို မတ်လ ၁ရက်နေ့အထိ လိုင်စင်စုစုပေါင်း (၁၇၆) ခု ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကစ္ဆပနဒီ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက် စဉ် ဘူးသီးတောင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၄၀ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)တွင် မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် အားလုံး အခွန်ကင်းလွတ်ခွင့် တစ်ပြေးညီ ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။