ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် သိန်း ၄၆၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဟီနန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟီနန်ပြည်နယ်တွင် ၁၈၈ မီတာ အမြင့် ရှိ Qingyao တောင်စောင်းပေါ်တွင် ကျန်းကျိုးမြို့မှ ယောဂချစ်သူများ က တောင်တက်သည့် လှုပ်ရှားမှုကို စုပေါင်းပြုလုပ်ခဲ့ကြသည်။ ၎င်းတို့က တောင်စောင်းပေါ်တက်ကာ ယောဂလေ့ကျင့်ခန်းပြုလုပ်ကြခြင်းဖြစ်သည်။(Xinhua)
ဘန်ကောက်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ဝရမ်းပြေးဟု သတ်မှတ်ထားခြင်းခံရပြီး တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်ထားသော ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် လက်ရှိတွင် ဒူဘိုင်းမြို့၌ ပုန်းခိုနေကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်ဝအို-ချာက စက်တင်ဘာလ ၂၈ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားများကို စက်တင်ဘာ ၂၁ ရက် တွင် စတင်ပိုင်ဆိုင်လာခဲ့ပြီး ၎င်း၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ် ဘာသာ “ဝါရင့်ဆရာများသင်တန်း” ၂၀၁၇ ခုနှစ် ဆရာ/ဆရာမ များ သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကို စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ...