ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂ဝ၁၈ ခုနှစ်တွင် အခြေခံပညာမှ အဆင့်မြင့်ပညာအထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူပေါင်း ၁၃၅ သန်းအတွက် ငွေကြေးဆိုင်ရာထောက်ပံ့ကူညီမှုပြုလုပ်ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။
ဆာနား ၊ မတ် ၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ၌ ကုလသမဂ္ဂအပစ်အခတ်ရပ်စဲရေးလေ့လာစောင့်ကြည့်မှုအဖွဲ့အကြီးအကဲ ဒိန်းမတ်ဗိုလ်ချုပ်ကြီး Michael Lollesgaard သည် ယီမင်နိုင်ငံ ပင်လယ်နီရှိ အဓိကဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ဟူဒေးဒါရ်မြို့(Hodeidah) ၌ တိုက်ခိုက်ခံရကြောင်း ယီမင်ဟူတီသူပုန်အဖွဲ့က မတ် ၂ ရက်တွင်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ မတ် ၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Shah Mahmood Qureshi က ပါကစ္စတန် နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား အရေးကိစ္စရပ်များကို သံတမန်နည်းလမ်းများ နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြစ် အဖြေရှာကြရန် မတ် ၂ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ကျန်းရှီ၊မတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီ တွင် ပေကျင်းနှင့် ဟောင်ကောင်ကို ချိတ်ဆက်ထားသည့် ရထားလမ်း၏ ဆက်ကြောင်း တစ်ခုမှာ ၉ မီလီမီတာခန့်ကျိုးပဲ့ကွာဟမှုရှိသောကြောင့် အချိန် နှစ်နာရီအတွင်း အပြီးပြင်ဆင်မှုပြုလုပ် ခဲ့ကြသည့် ရထားလမ်းထိန်းသိမ်းပြုပြင်ရေးပညာရှင်များ၏ လုပ်ဆောင်မှုများကိုဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးခြင်းဖြစ်ပါသည်။ (Xinhua)