ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ၏ အရှေ့ဘက် ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် သိသိသာသာ လျော့နည်းနေပြီး လက်ရှိဖြစ်ပေါ်နေသော လေထုဖြစ်စဉ်များမှာလည်း အင်အားအနည်းငယ်ရှိသည့် လာနီညာအခြေအနေသို့ ရောက်ရှိနေကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဆောင်းရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေ နှင့် ပတ်သက်သည့် အစီရင်ခံခြင်းအား...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများအနီး၌ နိုဝင်ဘာ ၁၃ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ခရိုင်၊ မြို့နယ်အလိုက် လှည့်ကင်းများဆောင်ရွက်ခြင်း၊ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းများကိုအင်အားအပြည့်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ”ဝ” အထူးဒေသ(၂)နှင့် မိုင်းလား အထူးဒေသ(၄)တွင် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ သွားရောက်လေ့လာကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် နိုဝင်ဘာလ ၁၃ ရက်က ကြောက်မက်ဖွယ် လူသေဆုံးခဲ့ရသည့် ငလျင်အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂက အသင့်ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ပြောကြားခဲ့သည်။