တိုကျို ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံမြောက်ပိုင်း အကီတ (Akita)စီရင်စု ရှိ လူနေအဆောက်အအုံတစ်လုံး၌ ယနေ့(သြဂုတ်လ ၂၂ရက်) နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၂ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသဆိုင်ရာ မီးသတ် နှင့် ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီနှင့် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ကို ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်အရ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း NLDကထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုပြန်ကြားရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ဝင်းနှင့် အဖွဲ့ဝင် ၁၁ဦးပါဝင်ပြီး ၊ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်မေဝင်းမြင့်ကဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၁ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)
ရှင်းရိ၊သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ရှင်းရိတွင် မိုးပျံပူဖောင်းလွှတ်တင်ပွဲကို ၄ရက်တိုင်တိုင် ကျင်းပခဲ့သည်။ တရုတ်မိုးပျံပူဖောင်းအဖွဲ့ က ဦးဆောင်ကျင်းပသည့်အဆိုပါပွဲကို တရုတ်နိုင်ငံ အတွင်းရှိ မိုးပျံပူဖောင်းကလပ်များမှ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်ပေါင်း ၂၈ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ရှင်းရိဒေသသည် ထုံးကျောက်မြေမျက်နှာပြင်အဖြစ် လူသိများသည်။ လေပြင်းထန်ကာ ဘက်ပေါင်းစုံမှ ပြင်းထန်စွာတိုက်ခတ်သည့်ဒေသတစ်ခုလည်းဖြစ်သောကြောင့် အခက်အခဲများစိန်ခေါ်မှုများ...
ဟူနန်၊သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ်နင်းရှန်းစီရင်စုတွင် ငရုတ်သီးအစားပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များက အနီရောင်ငရုတ်သီးများနှင့်ရေများထည့်ထားသည့်ရေစိမ်ကန်အတွင်း ဝင်ရောက်ကာ ကန်အတွင်းရှိငရုတ်သီးနီများကို အပြိုင်အဆိုင်စားရခြင်းဖြစ် သည်။ ငရုတ်သီးနီ ၁၅တောင့်အား ၁မိနစ်အတွင်းစားနိုင်ပါက အနိုင်ရရှိသူအဖြစ်သတ်မှတ်မည်ဟု စည်းကမ်းချက်တွင်ပါရှိသည်။ ဒေသအတွင်း ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်မှုတစ်ခုအဖြစ် ရည်ရွယ်ကာ ထိုသို့ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဟူနန်ပြည်နယ်ဟင်းလျာများမှာလည်းအလွန်ပူစပ်သောဟင်းလျာအဖြစ်လူသိများသည်။(Xinhua)