ဘရပ်ဆဲလ်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ၏ တရုတ်နိုင်ငံ စီးပွားရေး သတင်းအချက်အလက်ဝန်ဆောင်မှုနှင့် ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ကုန်သည်ကြီးများအသင်း (CCCEU) တို့က ဥရောပရှိ တရုတ် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ် (NEV) ထုတ်လုပ်သူများဆိုင်ရာ အစီရင်ခံစာကို ဇွန် ၁၉ ရက်က ပူးတွဲကြေညာခဲ့ကြောင်း သိရသည်။
မနီလာ၊ဇွန် ၂၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်ပြည်နယ်တွင် ဇွန် ၁၉ ရက်က ဗင်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်း ဆိုင်တိုက်မိခဲ့ရာ အနည်းဆုံးလူတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။
ကွာလာလမ်ပူ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသော ရေကြီးမှုအခြေအနေသည် ဆိုးရွားလာပြီး ယခုအချိန် အထိ ၃၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု အရာရှိများက ဇွန် ၁၉ ရက်တွင် ပြောကြားသည်။
ကွာလာလမ်ပူ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇွန် ၁၉ ရက် နံနက်ပိုင်းက မလေးရှားဝန်ကြီးချုပ် အိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။