ဂျကာတာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နယ်မြေနှစ်ခုအား ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူနေအိမ်များနှင့် စက်ရုံများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၏ ပြည်တွင်းထုတ် တိုက်လေယာဉ် KAAN က ပွဲဦးထွက်စမ်းသပ်ပျံသန်းမှုအား ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း Turkish Aerospace Industries (TAI) က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးက လွန်စွာအရေးကြီးကြောင်းနှင့် လုံခြုံရေးကောင်စီ၏ အဓိကပြုမူဆောင်ရွက်မှုမှာ အပစ်အခတ်ရပ်စဲမှု ချက်ချင်းရရှိစေရန်ဖြစ်ကြောင်း တရုတ်နိုင်ငံ အထူးသံတမန်က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ ဂါဇာဒေသခံ ၁.၅ သန်းကျော်သည် မည်သည့်နေရာကိုမျှ မသွားနိုင်ဘဲ ရာဖာမြို့အတွင်း၌ ပိတ်မိနေကြောင်း၊ ရာဖာမြို့သို့...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် အဖွဲ့၏ ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်း လျှောက်လှမ်းကြရန်နှင့် တည်ငြိမ်ခိုင်မာသောနေရာအဖြစ် ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် SCO...
ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံရေပိုင်နက်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ် ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ၊လက်နက်/ခဲယမ်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်သော သတင်းအရ သိရသည်။