ဒူဘိုင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဆီသို့ အသွင်ကူးပြောင်းရာတွင် တရုတ်နိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) ဒုတိယညွှန်ကြားရေးမှူးချုပ် Gauri Singh က ဒူဘိုင်းမြို့၌ ကျင်းပသည့် ကမ္ဘာ့စီမံအုပ်ချုပ်သူများ ထိပ်သီးအစည်းအဝေး၏ သီးခြားတွေ့ဆုံမှုအတွင်း ဆင်ဟွာအား ပြောကြားခဲ့သည်။ (Xinhua)...
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ(EU)က ကုန်သွယ်မှုနှင့်လုံခြုံရေး အကျိုးစီးပွားများအား ကာကွယ်ရေးအတွက် ပင်လယ်နီနှင့် ပင်လယ်ကွေ့ ဒေသများတွင် ရေတပ်မစ်ရှင်တစ်ခုအား စတင်ဆောင်ရွက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဟိုင်းလားလ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးစား ကုန်း-ရေနှစ်သွယ် ပျံသန်းမောင်းနှင်နိုင်သော “ခွန်းလုံ” AG600M သည် အတွင်းမွန်ဂိုလီးယားဒေသရှိ ဟိုင်းလားလ်ခရိုင်၌ ဝေဟင်မြင့် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာပြီးစီးခဲ့ပါသည်။ အဆိုပါလေယာဉ်သည် အလွန်အေးခဲနေသည့် ရာသီဥတုအခြေအနေမျိုးတွင် အဓိကစနစ်အစိတ်အပိုင်းများကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ် စမ်းသပ်မှုတွင်...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၀၁၈ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၃,၆၃၂,၄၀၀ကျပ် (YGEA) ၁၆ ပဲရည်= ၃,၉၀၀,၀၀၀ကျပ်ဝန်းကျင် (ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) Currency Exchange:အမေရိကန် ၁ ဒေါ်လာ= ၃,၅၉၀ ဝန်းကျင်(ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) ဖော်ပြပါ အချက်အလက်များသည် (၂၀.၂.၂၀၂၄) အတွက် Xinhua သတင်းဌာနက အဖွင့်ဈေးနှုန်းများကို...
စင်္ကာပူ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်ခရီးသည်တင်ဂျက်လေယာဉ် C919 က စင်္ကာပူနိုင်ငံ၌ မကြာမီကျင်းပမည့် လေကြောင်းပြပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် အစမ်းလေ့ကျင့်ပျံသန်းမှုအား ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။