ဟိုင်ခို ၊ မေ ၂၂ ရက်(ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စီးနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနဆိုင်ရာ စူးစမ်းလေ့လာမှုများအား မေ ၂၀ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း ရှေးဟောင်းသုတေသနဆိုင်ရာ ကဏ္ဍသစ်အား အစပြုလိုက်ကြောင်း သိရသည်။
ဆိုးလ် ၊ မေ ၂၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်၌ မေ ၂၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံသား သောင်းနှင့်ချီ၍ စုရုံးခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိနျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တူကြွ ရေဆိုးများ စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြကြောင်း သိရသည်။
ယူနန် ၊ မေ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Pu’er မြို့ရှိ မကြာသေးမီက တောဆင်ရိုင်းများသည် အဝေးပြေးလမ်း ပေါ်တွင် ခြေဦးတည့်ရာသွားလာခဲ့ကြပြီး ဒေသန္တရယာဉ်သွားလာရေးတာဝန်ရှိသူများ၏ အလေးဂရုပြုမှု ရရှိခဲ့ကြောင်း သိရသည်။
စိန့်ပီတာဘာ့ခ် ၊ မေ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာဘာ့ခ်မြို့၌ မေ ၂၀ ရက်တွင် ခေတ်ဟောင်း ယာဉ်ပြပွဲကြီးအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယာအွန်ဒီ ၊ မေ ၂၁ ရက်(ဆင်ဟွာ) ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒီမြို့၌ ၅၁ နှစ်မြောက် အမျိုးသားနေ့အား စစ်တပ် နှင့် အရပ်ဘက် စီတန်းလှည့်လည်ချီတက်မှုများဖြင့် မေ ၂၀ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua) ———————– Cameroon celebrates National Day...