ဝူဟန့်၊ နန်ချန်း၊ ချန်ရှား၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ယန်ဇီမြစ်၏ အဓိကရေပြင်တွင် ငါးဖမ်းခွင့်ပိတ်ပင်မှု စတင်သည့် အခမ်းအနားတစ်ရပ်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် ဒီဇင်ဘာ ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းထားသော လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦး ယနေ့ (ဇန်နဝါရီ ၁ ရက်)တွင် ပြန်လည် လွတ်မြောက်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကွဲအိတ်ရေ ၃၀,၀၀၀ ဝန်းကျင် တင်ပို့နေရကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။