ဘန်ကောက်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၄၃ ဦး နှင့် ထပ်မံသေဆုံးသူ ၂ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ(CCSA) က ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။
ဖူကူရှီးမား၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားစီရင်စု၌ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာ တနင်္ဂနွေနေ့ နံနက်ပိုင်းက အဝေးပြေးလမ်းမများပေါ်တွင် လမ်းသွားလမ်းလာ မော်တော်ယာဉ်များ မရှိသလောက် နည်းပါးသွားခဲ့သလို မြေပြိုမှုများကြောင့် အချို့သော လမ်းပိုင်းများကိုလည်း ပိတ်ထားခဲ့ရသည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။
တီဟီရန်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ စစ်တပ်က အကွာအဝေး ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်သည့် စမတ်ဒုံးကျည်သစ် တစ်မျိုးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် မြေပြင်တပ်ဖွဲ့မှူးကြီး Kiomars Heidari က ဆိုသည်။ မြေပြင်တပ်ဖွဲ့ ဒုံးကျည်ဌာနစိပ်များမှ အလွန်တိကျပြီး...
ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားစေသော အကြောင်းအချင်းအရာများနှင့် ကိုက်ညီမှုတစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော လင်းနို့အုပ်စုငယ် တစ်ခုကို ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။