ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ကိုလံဘို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ဧပြီလ ၂၁ ရက်က နေရာအနှံ့အပြားတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၃၅၉ ဦးအထိတိုးမြင့်လာကြောင်း ရဲတပ်ဖွဲ့ မှ ဧပြီလ ၂၄ ရက်တွင်ပြောသည်။
ဆစ်ဒနီ ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ဂျပန် နိုင်ငံသူ တစ်ဦးသည် ၎င်း၏ လက်ဆွဲအိတ် အတွင်း တောက်တဲ့ ၁၉ ကောင်အား ထည့်၍ သြစတြေးလျ နိုင်ငံ ပြင်ပသို့ခိုးထုတ်ရန် ကြံစည်သောကြောင့် ထိန်းသိမ်းခံခဲ့ရပြီးနောက် တရားရုံး၌ ယနေ့တွင် အမှု ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ကမ်ပါလာ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းရှိ ဒေသနှစ်ခုတွင် လွန်ခဲ့သောရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ လူ ၁၈ သေဆုံးခဲ့ကြောင်း ယူဂန်ဒါ ရဲဘက်ဆိုင်ရာက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။