ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ...
ဝါရှင်တန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်ဒုသမ္မတဟောင်း ဂျွန်ဘိုင်ဒင်သည် လာမည့် ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့်အကြောင်းကို ဧပြီ ၂၅ ရက်တွင် ထုတ်ဖော်ကြေညာသွားရန်ရှိကြောင်း ၎င်း၏ မဲဆွယ်လှုပ်ရှားမှုအဖွဲ့နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ပထမဦးဆုံး ပူးပေါင်း ရိုက်ကူးမည့် ပုဂံ ရတနာသိုက် ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။...
လက်မှတ်ထိုး ရန်ကုန်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ) ပူးပေါင်းဖွင့်လှစ်ရန် ယူနန် တိုင်းရင်းသားတက္ကသိုလ်နှင့်ဝမ်ပေါင်ကြေးနီကုမ္ပဏီအကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီ ၂၃ ရက် က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ...
ချင်းသောင်၊ ဧပြီ ၂၃ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနား သို့ အတူတကွ ပါဝင်ဆင်နွှဲရန် ရုရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယ နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံကျော် မှ ရေတပ် စစ်ရေးပြ သင်္ဘောပေါင်း ၂ဝ...