ရှန်တုံ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှန်တုံပြည်နယ် ယန်တိုင်းရှိ တောင်တန်းဒေသတွင် တရုတ်အထူးရဲတပ်ဖွဲ့များ က အရေးပေါ်ကိစ္စရပ်များကိုင်တွယ်ဖြေရှင်းရန် လေ့ကျင့်မှုတစ်ရပ်ကိုဆောင်ရွက်ခဲ့ကြသည်။ ထိုစစ်ရေးလေ့ကျင့်မှုတွင် Drone များကိုပါအသုံးပြုထားကာ စစ်ဆင်ရေးပြုလုပ်ရန်လိုအပ်သည့်နေရာများကို လျှင်မြန်စွာထောက်လှမ်း နိုင်ရန် စီစဉ်ထားသည်။ ပြင်းထန်သည့် ရာသီဥတုအတွင်း သေနတ်ပစ်လေ့ကျင့်ခန်း ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။ ၎င်းမှာ အထူးရဲတပ်ဖွဲ့အတွက် စစ်ဆေးချက်တစ်ခုလည်းဖြစ်သည်။...
ဝူဟန်၊ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် မြန်နှုန်းမြင့်ရထားများစွာပြေးဆွဲကာ ပြည်သူများ၏ ခရီးသွားလာရေးကို မြန်ဆန် ကောင်းမွန်ရုံမက ဘေးကင်းအောင်ဆောင်ရွက်ပေးလျက်ရှိသည်။ တရုတ်နိုင်ငံဝူဟန်နှင့်ကျန်းကျိုးကို ပြေးဆွဲပေးနေသည့် မြန်နှုန်းမြင့်ရထားလမ်းတွင် အန္တရာယ်ကင်းစွာသွားလာနိုင်ရန်နေ့စဉ်မနက်တိုင်း ခရီးသွားပြည်သူများမစီးနင်းခင် လုံခြုံရေးစစ်ဆေးသည့်ရထားတစ်စင်းကြိုတင်ပြေးဆွဲကာ လိုအပ်သည်များကို စစ်ဆေးလေ့ရှိသည်။ခရီးသည်များမပါဝင်ဘဲ အင်ဂျင်နီယာများဖြင့် ရထားလမ်းကြောင်းကောင်းမွန်အခြေအနေ ရထား၏ အန္တရာယ်ကင်းရှင်းမှုစသည်တို့ကိုစီးနင်းစစ်ဆေးကြခြင်း ဖြစ်သည်။ထိုသို့နေ့စဉ်စစ်ဆေးသောကြောင့် ခရီးသွားပြည်သူများဘေးကင်းစွာဖြင့်လိုရာခရီးကိုအမြန်ဆုံး ရောက်နိုင်ခြင်းဖြစ်သည်။(Xinhua)
ဆိုးလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ် (Samsung Electronics) ၏ ဒုတိယဥက္ကဋ္ဌ လီဂျေယောင်အား တောင်ကိုရီးယားနိုင်ငံ တရားရုံးက ဖေဖော်ဝါရီလ ၅ ရက်၌ ဒုတိယအကြိမ်မြောက် အမှုကြားနာစစ်ဆေးအပြီးတွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် လွှတ်ပေးလိုက်ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ ခရိုင် ၇ ခု၌ ဂျုံသီးနှံ စိုက်ပျိုး ရာသီ အတွင်း ယခု ဘဏ္ဍာနှစ် ဇန်နဝါရီလကုန် အထိ ဂျုံသီးနှံ ၁၁၉,၂၆၈ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒူဘိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့က လူပေါင်း ၆၀ ဦး ပါဝင်သော “အလိုရှိဆုံး ဝရမ်းပြေးစာရင်း” အား ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်လိုက်ရာ ဆက်ဒမ်ဟူစိန်၏ သမီးအကြီးဆုံး Raghad လည်း ပါဝင်ကြောင်း သိရသည်။