ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတောင်ပိုင်း Rautahat ခရိုင် တွင် အိန္ဒိယနိုင်ငံသား ၃ဦးအား နိုင်ငံအတွင်းသို့ လက်နက်မှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအား အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်၍ စိစစ်ပြီးဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်အား တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်သူတို့ထံအချိန်မီကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Punjab ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၀ရက် က ဓါတ်ငွေ့ယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ဦးသေဆုံးပြီး လူ ၁၁ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လာနီညာအခြေအနေ၌ ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။