လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၁၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ယင်းခရိုင်ရှိ အရာရှိတစ်ဦးက ဩဂုတ် ၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဂျိုဟန်နာဘတ်စ် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်မော်တော်ကားထုတ်လုပ်သော လုပ်ငန်းဖြစ်သည့် Chery က မော်တော်ကားများကို ယခုလနှောင်းပိုင်းတွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပပြုလုပ်မည့် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ အသုံးပြုရန် ယာဉ်အစီးရေ ၆၀ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မော်စကို၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံသား ၅၄ ဦးကို ပိတ်ဆို့အရေးယူပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်(SAE Games) ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် မြင်းစီးအားကစားသမားများကို ရွေးချယ်ရန် မြင်းစီးပြိုင်ပွဲများကျင်းပလျက်ရှိကြောင်း မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းအောင်က ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၂၀ ရက်တွင်ပြောသည်။
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသလက်တွေ့စမ်းသပ်ခန်းအဖြစ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော ထျန်းကုန်းအာကာသစခန်းသည် အာကာသကြိုးပမ်းဆောင်ရွက်မှုများ ရှေ့ဆက်လုပ်ဆောင်လျက်ရှိသလို အကျိုးကျေးဇူးရှိသော ရလဒ်များလည်း ရရှိနေကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီအရ သိရသည်။