ဝူးလူမုချီ၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ တည်ဆောက်ပြီးသော 5G အခြေစိုက်စခန်းပေါင်း ၃၉,၀၀၀ ရှိကြောင်း ယင်းဒေသအစိုးရက ယနေ့ (မေ ၁၇ ရက်)တွင် ပြောကြားခဲ့သည်။
ရှီးချန်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou တည်နေရာပြဂြိုဟ်တုအသစ်တစ်စင်းကို မေ ၁၇ ရက်၌ အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ခေတ်မီစက်မှုစနစ်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်များကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးစီမံကိန်းက မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းဌာနမှ ၂၀၂၃ ခုနှစ်ပထမလေးလအတွင်း မရွှေ့မပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှု (FAI) စီမံကိန်းပေါင်း ၅၆ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယွမ် ၃၇၈.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၄.၂၅ ဘီလီယံခန့်) ရှိကြောင်း မေ ၁၇ ရက်...
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရှေးဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ပြတိုက်များအားလုံးကို အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့၌ အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ယနေ့ မေ ၁၇ ရက်တွင်ပြောသည်။