ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ဧပြီ ၂၇ ရက်၌ ပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၂၅...
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မော်တော်ယာဉ်သုံးစွဲမှု မြှင့်တင်ရေးနှင့် အစိမ်းရောင်ဖြိုးတိုးတက်မှုအဆင့်မြှင့်တင်ရေးအတွက် စဉ်ဆက်မပြတ် အားထုတ် ကြိုးပမ်းနေစဉ်အတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEVs) ကင်းလွတ်ခွင့်ခွန်မှာ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ယမန်နှစ်ကထက် ၃၆ ရာခိုင်နှုန်းတိုးလာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ခါတွမ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) နိုင်ငံအများအပြားက စစ်မက်ဖြစ်ပွားနေသော ဆူဒန်နိုင်ငံမှ ၎င်းတို့၏ နိုင်ငံသားများကို ပြောင်းရွှေ့နေခြင်းကြောင့် နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပြိုင်ဘက်အဖွဲ့အစည်းများအနေဖြင့် ဧပြီ ၂၄ ရက် သန်းခေါင်ယံမှ၍ သုံးရက်ကြာ အပစ်အခတ်ရပ်စဲထားရန် သဘောတူခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲပြန်လည်အရွေးခံမယ့်အစီအစဉ်ကို “မကြာခင်မှာ’’ အများပြည်သူကိုအသိပေးမည်ဟု ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ “ ကျွန်တော်ဆောင်ရွက်နေတဲ့ အစီအစဉ်ကို ပြောပါ့မယ်’’ “သိပ်မကြာခင်မှာ ကျွန်တော်အသိပေးမှာပါ’’ ဟု အိမ်ဖြူတော်မှာကျင်းပတဲ့ ပွဲတစ်ခုအတွင်း ဘိုင်ဒန်က သတင်းထောက်များကိုပြောပြခဲ့သည်။ ဒီမိုကရက်တစ်တစ်ဦးဖြစ်သောဘိုင်ဒန်က ၎င်း၏...
နန်နင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးဒေသတွင် မကြာသေးမီက ရိုးရာ ဆန်းယွဲ့ဆန်းပွဲတော်အား ဂုဏ်ပြုသည့်အနေဖြင့် လှုပ်ရှားမှုအစီအစဉ်များအား ကျင်းပပြုလုပ်ခဲ့သည်။