ရန်ကုန်၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ်(၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို နိုဝင်ဘာ ၂၉ ရက် (ယနေ့) ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် တီမော အသင်းအား ၃-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဒေသတွင်းလုံခြုံရေး ထိန်းသိမ်းရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး နိုဝင်ဘာ ၂၈ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
မနီလာ၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ) အကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက် တွင် တရားဝင်ဖွင့်လှစ်မှုနှင့်အတူ နိုဝင်ဘာလ၏နောက်ဆုံးရက်သတ္တပတ်အကုန်၌ ဖိလစ်ပိုင်နိုင်ငံသ့ို တိုင် ဖွန်းကမ်မူရီ(Typhoon Cammuri) ဝင်ရောက်တိုက်ခတ်ရန်ခန့်မှန်းရကြောင်းဖြင့်ဖိလစ်ပိုင် လေထုဆိုင် ရာ၊ဘူမိရူပဗေဒဆိုင်ရာနှင့်နက္ခတ္တဗေဒလုပ်ငန်းများစီမံခန့်ခွဲရေးအဖွဲ့(PAGASA) ကနိုဝင်ဘာလ၂၈ ရက် တွင်ပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံရပ်ခြားသို့ ထွက်ခွာ နေထိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကာ မြန်မာနိုင်ငံ၏ PR (Permanent Resident) ရရှိထားသော မူလ မြန်မာနိုင်ငံဖွား အထူးကု ဆရာဝန်ကြီးများနှင့် နိုင်ငံခြားသား အထူးကု ဆရာဝန်ကြီးများအား နိုင်ငံတော်က ကောက်ခံနေသည့် လိုင်စင်ကြေး...