ဖူရောင်၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဖူရောင်ရှေးဟောင်းမြို့သည် တောင်ပတ်လည်ဝန်းရံလျှက်ရှိသည့်အပြင် မြို့အတွင်း၌လည်း လှပသည့် ရေတံခွန်အဆင့်ဆင့် တည်ရှိသောကြောင့် ပုံပြင်ထဲက မြို့ငယ်လေးသဖွယ် ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင်သည့်မြို့တစ်မြို့ဖြစ်သည်။(Xinhua)
ဂါဇာ ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်ဒေသ အရှေ့ပိုင်း အကြားတွင် တည်ရှိသော အစ္စရေးနယ်ခြားစောင့်တပ်စခန်းမှ ရဲဘော်များ နှင့် ပါလက်စတိုင်းဆန္ဒပြသူများ၏ ပဋိပက္ခအတွင်း ဆန္ဒပြသူအနည်းဆုံး ၇၇ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတစ်ဉီးက ဆိုသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံအစိုးရအား ဖိအားပေးသည့်အနေဖြင့် ဒီဇင်ဘာလမှစတင်ကာ အမေရိကန်လေကြောင်းလိုင်းများအား ဟာဗားနားမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှလွဲ၍ ကျန်ကျူးဘားရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များအားလုံးသို့ ပျံသန်းခြင်းမှ တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ တာဝန်ထမ်းဆောင်ရန်သွားရောက်သော ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ပြည်သူအချို့ ယနေ့ (အောက်တိုဘာ ၂၆ ရက်) နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်အတွင်းAA လက်နက်ကိုင်တပ်ဖွဲ့ ၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။