ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမအထက်၊ တောင်စောင်းပေါ်ရှိ မြေကြီးအက်ကွဲကြောင်းများပေါ်ကာ မြေပြိုကျနိုင်သဖြင့် သြဂုတ် ၂၆ ရက်၌ နေအိမ်များ ပြောင်းရွှွေ့ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) လက်ရှိ၌ ငွေကြေးဖောင်းပွမှု အတန်အသင့် မြင့်မားလာရခြင်းမှာ ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေ တိုးတက်မှုနှုန်းများ လွန်စွာ မြင့်မားနေခြင်းကြောင့် မဟုတ်ဘဲ လောင်စာဆီဈေးကြောင့်သာ ဖြစ်သည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀ – ၂၅)တွင် လက်ရှိ ဦးစားပေးကဏ္ဍ ၁၁ ခုအပြင် နောက်ထပ် ကဏ္ဍအသစ် ငါးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မော်စကို၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) လူသားပုံစံပေါက်သောစက်ရုပ်အား သယ်ဆောင်ထားသည့် ရုရှားနိုင်ငံမှ Soyuz အာကာသယာဉ်သည် နိုင်ငံတကာ အာကာသစခန်း (ISS) နှင့် ချိတ်ဆက်ရန် ပထမအကြိမ်အားထုတ်မှုတွင် မအောင်မြင်ခဲ့သော်လည်း သြဂုတ်လ ၂၇ ရက်၌ ISS နှင့် အောင်မြင်စွာ ချိတ်ဆက်သွားခဲ့ကြောင်း သိရသည်။
အော့တဝါ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံဘုရင်ခံချုပ် ဂျုလီပရတ်တီ (Julie Payette) သည် ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ရန် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက် အထိ နယ်သာလန် နိုင်ငံ နှင့် ပိုလန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန်ရှိကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ်ရုံးက...