ခတ္တူမန္ဒူ ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) နီပေါ နိုင်ငံ Bardia အမျိုးသား ဥယျာဉ်အတွင်း ယခု ရက်သတ္တပတ် အတွင်း ကျားကိုက်ခံရခြင်းများကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ ဆပ်ပြာကုန်းကျေးရွာအနီးရှိ ကျောက်မီးသွေးတွင်း မြေပြိုကျမှုကြောင့် လူ၄ ဦးပိတ်မိလျက်ရှိရာမှ လူ ၂ဦးသေဆုံးလျက်ရှာတွေ့ကာ ကျန်လူ ၂ဦးအား ဆက်လက်ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘီရာရစ်ဇ်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) တောင်းဆိုချက်များနှင့် ကိုက်ညီမည်ဆိုလျှင် ပြင်သစ်၏အကြံပြုချက်ကို လက်ခံပြီး အီရန်သမ္မတ ရိုဟာနီ နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု အမေရိကန် သမ္မတ ထရမ့်က သြဂုတ် ၂၆ ရက် ပြင်သစ် နိုင်ငံ ဘီရာရစ်ဇ်မြို့တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ရက်အထိ သေဆုံးသူ ၁၀၅ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ချုံချင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းနယ်မြေတွင် ကျင်းပခဲ့သော 2019 Smart China Expo တွင် ရင်းနှီးမြှုပ်နှံမှု ယွမ် ၈၁၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅.၇ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်း ၅၃၀ အား လက်မှတ်ရေးထိုးခဲ့ကြောင်း...