ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြောင်းလဲကောက်ခံခြင်းအတွက် အများပြည်သူသဘောထား တောင်းခံခြင်းဆိုသည့် ထုတ်ပြန်ချက်အား ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့ ထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူရဘွဲ့ ရရှိ ငါးဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၆၃ ဦးနှင့် ဂုဏ်ထူးဆောင် လက်မှတ် ၁၇၉ ဦးရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) နောင်ချိုမြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ခပ်ခူး(အဆင့်နိမ့်ဘိန်း)များနှင့် ငွေကျပ် ၁,၄၉၀ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ယနေ့ စတင် မိတ်ဆက် ဖြန့်ချိလိုက်သည့် လူငယ်ဖွ ံ့ဖြိုးရေး ဆိုင်ရာ ကဏ္ဍများ ပါဝင်သည့် လူငယ် ဆိုင်ရာ မူဝါဒများကို လက်တွေ့ အကောင် အထည်ဖော်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။