ရန်ကုန် စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ေ ဖာ်ဆောင်ရွက်ရေး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
QALA-E-NAW ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း Badghis ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွများထံ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ပို့ပေးခဲ့သော အမျိုးသား တစ်ဦးအား အာဖဂန် လုံခြုံရေးညွှန်ကြားမှုဦးစီးဋ္ဌာန (NDS) သို့မဟုတ် ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် လမ်း မတော်တဆမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တူရကီ ကမ်းရိုးတန်းပြင်ပ ပင်လယ်နက်အတွင်း ဒုက္ခသည်များ လိုက်ပါလာသော လှေတစ်စီး စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက နစ်မြုပ်မှုကြောင့် အနည်းဆုံး ဒုက္ခသည် ၄ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း တူရကီ...