တက်ဟုန်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ ၂၀၂၄ ခုနှစ် သင်္ကြန်ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန်စီမြို့၌ ဧပြီ ၁၂ ရက်က ကျင်းပခဲ့ရာ ဒေသခံလူထုနှင့် အဝေးမှလာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ လူပေါင်းတစ်သောင်းကျော် မန်စီရင်ပြင်တွင်...
ဖနွမ်းပင်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဧပြီ ၁၃ ရက်မှ ၁၆ ရက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်သစ်ကူးဖြစ်သော ဆုန်ခရန်ပွဲတော်ကျင်းပသည့် ကာလဖြစ်သည်။ ဆုန်ခရန်ပွဲတော်သည် ကမ္ဘောဒီးယား၏ အရေးကြီးဆုံး ရိုးရာပွဲတော်များအနက် တစ်ခုဖြစ်ပြီး ယင်းကာလတွင် လူအများက ရေပက်ကစားခြင်း စသည့် ဆုမွန်ကောင်းတောင်း လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိသည်။...
ပေကျင်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဆလိုဗက်ကီးယားနိုင်ငံသမ္မတအဖြစ် ရွေးကောက်ခံရသည့် Peter Pellegrini ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………… (English Version) Xinhua News | Xi congratulates Pellegrini...
အောင်လံ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးအောင်လံ ခရိုင် အောင်လံမြို့ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း ၊ ယိမ်းအကများဖြင့်ဖျော်ဖြေခြင်းတို့အပြင် စတုဒိသာများဖြင့် ဧည့်ခံအလှူဒါနပြုခဲ့ကြောင်း သိရသည်။ (Xinhua)
ရန်ကုန် ဧပြီ ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်အဖွဲ့ (Myanmar Cultural Heritage Trust) နှင့် စိမ်းလန်းစိုပြည် ဂါးဒင်းတို့ ပူးပေါင်းကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ စတုဒီသာ ကျွေးမွေးပွဲနှင့် သင်္ကြန်ယိမ်း အကအလှ...