ဖူကျိုး ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(BRI)တစ်လျှောက် နိုင်ငံများရှိ ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ရာတွင် တရုတ်ရိုးရာတိုင်းရင်းဆေး(TCM)၏ အခန်းကဏ္ဍအား ဖိလစ်ပိုင်ပညာရှင်တစ်ဦးက တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ဩဂုတ် ၁၁ ရက်တွင် ကျင်းပသည့် စာတမ်းဖတ်ပွဲတစ်ခု၌ ချီးကျူးပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကြား အာဆီယံ+ တရုတ် ၊ ဂျပန် နှင့် တောင်ကိုရီးယား (ASEAN+3) မူဘောင်အရ အရေးပေါ်ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က မြန်မာ – ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောသည်။
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi က အထက်လွှတ်တော်အမတ် Anwaar-ul-Haq Kakar ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအား ဩဂုတ် ၁၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သမ္မတအိမ်တော်မီဒီယာဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပီနန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)သည် မလေးရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပီနန်မြို့တွင် ဩဂုတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။