ဂျကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၆၀ ကျော်ကို တင်ဆောင်သွားသော Sriwijaya Air လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇-၅၀၀ ခရီးသည်တင်လေယာဉ်သည် ဂျကာတာမြို့ ပြင်ပ ပင်လယ်ပြင်အတွင်းသို့ ဇန်နဝါရီ ၉ ရက်တွင်...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၅၆၆ ဦး ရှိပြီး ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၀၄၉ ဦး ရှိရာ ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၇၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၃,၅၅၀...
ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ကမ္ဘာပေါ်တွင် E484K ခေါ် ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သစ်ဖြင့် ပထမဆုံး ရောဂါပြန်လည်ကူးစက်ခံရသူဖြစ်လာကြောင်း နိုင်ငံပိုင် Agencia Brasil သတင်းအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ၏ Sriwijaya Air လေကြောင်းမှ ခရီးသည်များစွာတင်ဆောင်ထားသည့် ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၉ ရက်က ဂျကာတာမြို့ ပြင်ပ ပင်လယ်ပြင်တွင် ပျက်ကျသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံးမှ တိုက်ကွမ်ဒိုကစားသမား ၅၀၀ ဝန်းကျင် ပါဝင်ယှဉ်ပြိုင်မည့် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးကျော်သန်းဦးက ဆင်ဟွာသို့ ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။