ဂျေရုဆလင် ၊ မေ ၁၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က မေလ ၁၀ ရက်ညပိုင်းအချိန်၌ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် အစ္စရေးနိုင်ငံအနေဖြင့် ယင်းနေ့၌ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်(Hamas) အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်အများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ ၊ မေ ၁၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂတွင် မေ၁၀ ရက်၌ ကျင်းပပြုလုပ်သော ISIS တို့၏ အီရတ်နိုင်ငံ၌ ကျူးလွန်ခဲ့သည့် ပြစ်မှုများ သက်သေစုံစမ်းစစ်ဆေးရေး လုပ်ငန်း ဗီဒီယိုကွန်ဖရန့်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယကိုယ်စားလှယ် ကိန်းစွမ် က ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အချိန်မီ ပြည့်စုံစွာ...
ဂျေရုဆလင်၊ မေ ၁၁ ရက်(ဆင်ဟွာ) ပါလက်စတိုင်း ပြည်သူလူထုနှင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်များအကြား မေ ၁၀ ရက်က ဂျေရုဆလင်မြို့ဟောင်း Temple Mount ဘုရားကျောင်းတွင် အဓိကရုဏ်းပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း (၂၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ မေ ၁၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က ကမ္ဘာ့အကျပ်အတည်းများ နှင့် ပဋိပက္ခများအား ဖြေရှင်းရန် အတူတကွလုပ်ကိုင်ကြသည့် နိုင်ငံများအား ခိုင်မာသည့် ယုံကြည်ချက်ကို ဖော်ပြကာ ဒုတိယသက်တမ်းအတွက် အရွေးခံမည့် ၎င်း၏ ရည်ရွယ်ချက်ကို ကြေညာခဲ့ကြောင်း သိရသည်။
ဂျေရုဆလင် ၊ မေ ၁၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံတောင်ပိုင်း နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဂါဇာဘက်မှနေ၍ အစ္စရေးဘက်သို့ ဦးတည်ကာ မေ ၁၀ ရက် ညနေပိုင်းက ဒုံးကျည် ၄၅ လုံးကျော် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ပြောရေးဆိုခွင့်ရှိသူ Jonathan Conricus က ပြောကြားခဲ့သည်။