ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ရှားပါးကြိုးကြာငှက်ထိန်းသိမ်းရေး နှင့် သုတေသနလုပ်ငန်းများကို လက်ရှိတွင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန်ရှိကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန မှ သိရသည်။
နယူးယောက်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်ထိ COVID-19 ကြောင့် သေဆုံးသူ ၂၂၀,၀၀၀ ဦး ကျော်လွန်လာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။
ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ အမေရိကန်နိုင်ငံ အလက်စကာကျွန်းဆွယ်ကမ်းလွန်တွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အလက်စကာကမ်းရိုးတမ်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက တစ်ကမ္ဘာလုံးတွင် ကြိမ်ဖန်များစွာ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ၆ ဦးကို စွဲချက်တင်လိုက်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။