ဟောင်ကောင်၊ မတ် ၂၁ (ဆင်ဟွာ) ဗန်နာတုနိုင်ငံ လူဂန်ဗေးလ်မြို့(Luganville)၏ အရှေ့တောင်အရှေ့ ၄၈ ကီလိုမီတာအကွာတွင် မတ် ၂၀ ရက်က အင်အား ၆.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ(USGS)က ပြောကြားသည်။
ဟနွိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Duong ပြည်နယ်တွင် မတ်လ ၂၁ ရက်က အမျိုးသမီး ၂ ဦး တင်ဆောင်လာသော မော်တော်ဆိုက်ကယ်နှင့် ခရီးသည်တင်ရထား တိုက်မိခဲ့ရာ အမျိုးသမီး ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း...
ကွာလာလန်ပူ၊ မတ် ၂၁ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်ကတည်းက ပျောက်ဆုံးနေသည့် မလေးရှားနိုင်ငံသား ဆယ်ကျော်သက်တစ်ဦးမှာ သေဆုံးသွားပြီဟု အတည်ပြုကြောင်း မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီတလီနိုင်ငံသမ္မတ Sergio Mattarella ၊ မိုနာကိုနိုင်ငံ အကြီးအကဲ Albert II နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့၏ ဖိတ်ကြားချက်အရ ၎င်းနိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် ယနေ့(မတ် ၂၁ ရက်)တွင်...
ရောမ၊ မတ် ၂၁ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ မီလန်မြို့ တွင် ကျောင်းသား ၅၁ဦးလိုက်ပါလာသော ကျောင်းကားတစ်စီးကို ယင်းကျောင်းကားမောင်းသူ က ပြန်ပေးဆွဲခဲ့ပြီး မီးတင်ရှို့ခဲ့ကြောင်း ပြည်တွင်းသတင်းက မတ် ၂၀ ရက်တွင် ဖော်ပြခဲ့သည်။